စစ်အုပ်ချုပ်ရေး တိုးမြှင့်ထားတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက မြို့ရွာတွေမှာ စစ်ကောင်စီက တင်းကျပ်မှုတွေ ပိုတိုး လုပ်လာနေ

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - Podcast tekijän mukaan BBC Burmese Radio

Podcast artwork

စစ်အုပ်ချုပ်ရေး တိုးမြှင့်ထားတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက မြို့ရွာတွေမှာ စစ်ကောင်စီက တင်းကျပ်မှုတွေ ပိုတိုး လုပ်လာနေ၊ ဆန်စျေးတွေ မြင့်တက်လာနေတာကို ထိန်းချုပ်ဖို့ သက်ဆိုင်ရာက ဘာတွေ လုပ်ဆောင်နေသလဲ၊ ICRC က ထောက်ပံ့ကူညီမှုတွေ ဖြတ်တောက် ထားလိုက်တဲ့ ရခိုင်ပြည်နယ်တွင်းက စစ်ရှောင်ဒုက္ခသည်တွေရဲ့ အခြေအနေ၊ ဒန်ညုမြစ်ပေါ်က ယူကရိန်းဆိပ်ကမ်းနေရာတွေကို ရုရှားက ပစ်မှတ်ထား ထပ်မံ တိုက်ခိုက်၊ အမေရိကန်သမ္မတဟောင်း ထရမ့်က သူ့အပေါ် အခုနောက်ဆုံး စွဲဆိုလိုက်တဲ့ ရာဇဝတ်ကြောင်းစွဲချက်တွေကို တုန့်ပြန် ဝေဖန်၊ ထိုင်းရွေးကောက်ပွဲမှာ အမတ်နေရာအများဆုံး ရထားတဲ့ Move Forward ပါတီ အခုအခါ ညွန့်ပေါင်းအစိုးရသစ်ထဲ ပါနိုင်မယ့်ပုံမျိုး မတွေ့ရတော့

Visit the podcast's native language site